Tuesday, December 30, 2014

ပန်းသက်တမ်း



ကြွေကျခဲ့ရင်
မြေခမှာမို့ ....
ခြွေချအလှဆင်ခဲ့ရင် 
ဘဝင်မကျပေမဲ့
အဆင်သင့်အောင်
နေပါ့မယ် ....


Monday, December 29, 2014

ပန်းခွါညို


နှင်းရည်သောက်ပန်း
တင့်တယ်လန်းသည်
မြင်သူမြတ်နိုးဖွယ်ရာတည်း.....


Tuesday, December 23, 2014

နေညိုချိန်



နေညိုချိန်အလွမ်းဟာ
ပုံမှန်အချိန်တွေထက်ပိုကဲနေတတ်တယ်
တိတ်တဆိတ်ထွက်ခွါသွားတဲ့သူတစ်ယောက်ရဲ့
နောက်ကျောကိုဆွေးဆွေးမြေ့မြေ့ထိုင်ကြည့်နေရသလိုပါပဲ

ကြေကွဲစေတဲ့အလွမ်း
ဝမ်းနည်းစေတဲ့အလွမ်း
နှုတ်ဆက်တဲ့အလွမ်း
ပြန်ဆုံနိုင်မယ်လို့မျှော်လင့်လို့မရတော့တဲ့အလွမ်း 
အလွမ်းတွေပေါင်းဆုံစေတဲ့
နေညိုချိန်အလွမ်း .....



Tuesday, December 16, 2014

ပျံသန်းခြင်း




လက်လှမ်းမမှီ
ကမ်းမမည်တဲ့
ဟိုး .... အဝေးကြီးကိုရောက်ဖို့....
ပြီးတော့
မင်းနဲ့အဝေးကြီးဝေးဖို့ ....
ငါ့ရဲ့
တောင်ပံတွေဖြန့်
လေဟုန်နဲ့အတူ ဆန်တက်
လေပြင်းနဲ့လိုက်ပါပျံသန်းလို့ ...
တတ်နိုင်သလောက်
ငါ ထွက် သွား ပါ ရ စေ ....




Tuesday, December 9, 2014

တွဲလက်များ




တွဲခေါ်ဖို့
ဆွဲခေါ်ဖို့
နောက်ချန်မနေခဲ့စေဖို့
လဲကျမနေစေဖို့
နံဘေးမှာအတူတူလိုက်ပါစေဖို့
ကူညီသမှုနဲ့
နွေးထွေးစွာကမ်းလင့်တတ်တဲ့
လက်အစုံ ....