Saturday, January 31, 2015

နှင်းဆီပန်း






လယ်တောကပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့
မောင်ခူးကာပေး .....

မနက်တုန်းဆီက
ကြော့ဆုံးကိုမောင်မြင်တော့
သူ့ဆံပင်နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး .....
 
(မင်းသုဝဏ်)




Tuesday, January 27, 2015

မိုး




နင်ကမ္ဘာဘက်ခြမ်းမှာ နေသာဖို့
ငါ့ဘက်ခြမ်းဆီ တိမ်ဖုံးရတယ် .........

ပြီးတော့
ပေါက္ခရ၀ဿ     မိုးလို
ငါ့ တစ်ယောက်တည်း
မိုးတွေသည်းလို့  .........




မြန်မာပြည်မြောက်ပိုင်း




Monday, January 26, 2015

ပန်း


လောကမှာ
ရှုပ်ထွေးနေလည်း
ညှိုးနွမ်းမှာသိနေလည်း
အကျည်းတန်ချင်တန်မယ်
အရောင်စုံချင်မှစုံမယ်
ရနံ့ပါချင်မှပါမယ်
အချိန်တန်တော့
ကြွေမှာသိလည်း
ပွင့်ရစမြဲ ....

မြို့ပြယောင်ဆောင်ထားတဲ့ ကျေးလက်ရဲ့နံနက်ခင်း



နေရောင်အောက်မှာ




တကယ်ဆို
သတိရတာချင်းအတူတူမှာ
နင်လည်းငါလွမ်းသလို
ထပ်တူလွမ်းနိုင်ပါ့မလား.....

နှင်းရည်တွေထမ်းပိုးလို့
နေမင်းကြီးရှေ့မှာ ဦးညွှတ်ရင်း
ဆောင်းပြန်လေဝေ့လေတိုင်း
အလွမ်းတွေနဲ့ငါ
ကြံ့ကြံ့ခံနေဆဲပါပဲ ....

လွမ်းတိုင်းသာ ရင်ကွဲရစတမ်းဆို
ကွဲစရာရင်ဆိုတာရှိတော့မယ်မထင်ဘူး
သတိရတိုင်းမျက်ရည်ကျရရင်
နှင်းမှုန်နဲ့မိုးစက်တွေ
နာမည်ပြောင်းကုန်ကြလိမ့်မယ် ...

ဒါပေမဲ့လည်းလေ
နှုတ်ကမဖွင့်ဟပေမဲ့
ငါလွမ်းနေသေးတယ် ....

ရာသီတွေပြောင်းလည်း
ငါလွမ်းနေဦးမှာပါပဲ ...

မပြောင်းလည်းတဲ့တရားတွေထဲမှာ
နောက်တစ်မျိုးထပ်တိုးတယ်ဆို
သေချာပါတယ်
လွမ်းခြင်းတရားပါပဲ ......

Thursday, January 15, 2015

တစ်နေ့တာအတွက်နှုတ်ဆက်ခြင်း


ဟန်ဆောင်ခြင်း




အနက်ရောင်လွှမ်းတဲ့
အနီ
အံကြိတ် မာန်တင်းပြီး
ရဲရင့်သယောင်ဟန်ဆောင်နေလေရဲ့





 

Monday, January 12, 2015

ညနေချိန်



တိတ်ဆိတ်တဲ့ဒီလမ်းထဲ
တစ်နေ့ပြန်လာမှာလားတွေးမိတယ်
ခုထိမျှော်လင့်ဆဲပဲ ...

တဖြည်းဖြည်းမှုန်ဝါးဆဲ
ကြည့်နေစဉ်မှာပဲလွင့်ပျောက်ကွယ်
နာကျင်စွာတွေးမိတယ်
ဘာတစ်မှမတည်မြဲတဲ့ဘဝနဲ့
ငါပိုင်ဆိုင်ထားခဲ့တယ်
ရင်ထဲကတည်မြဲတဲ့အချစ်အတွက် ....

ဘယ်ဆီပြန်ထွက်သွားလည်း
ဘယ်လိုအကြောင်းပြချက်နဲ့လည်း
တကယ်ကိုမသိခဲ့တယ် ....

ဘယ်ချိန်ပြန်တွေ့မလည်းစောင့်ခဲ့တယ်
တစ်ခါပြန်တွေ့ကြဖို့စောင့်မယ်
ပြန်တွေ့မဲ့နေ့ကိုစောင့်မယ်
ရင်ခုန်သံများနဲ့အတူ ငါတမ်းတနေတဲ့ညနေ ......

(ကိုအယ်ဖြူရေးခဲ့ပြီး ကိုလေးဖြူဆိုထားတဲ့ "ညနေကြယ်" ဆိုတဲ့သီချင်းထဲကစာသားလေးတွေပါ။)

Friday, January 9, 2015

မီးကျိုးမောင်းပျက်အလှ


လောကသဘာဝရဲ့
ဖြစ်တည်မှုတိုင်းမှာ
အလှတရားဆိုတာရှိတယ် .....


Wednesday, January 7, 2015

နေခြည်နွေးနွေး


ငါ


နေမင်းကြီးစုံးစုံးမြှပ်တဲ့ညနေ
မျောလွှင့်နေတဲ့တိမ်မျှင်တန်းတွေနဲ့
မှုန်မှိုင်းနေတဲ့လောကကြီးမှာ
ဘုရားရေ
ကိုယ်ကတာဝါတိုင်ကြီးများလား
မပြတ်နိုင်တဲ့သံယောဇာဉ်တွေထမ်းပိုးရင်း
မြေပြန့်ဆီခရီးဆက်နေလေရဲ့ ..... 



နေခြည်ဖြာမှ



နှင်းမြူကြား
ဆည်းလည်းသံချွင်ချွင်ကြားသည် ...

နေခြည်ကိုမျှော်မိ
ဘယ်ဆီရောက်နေသည်မသိပြီ...

မပီဝိုးတဝါး
ဟို အဝေးမှာမြင်ယောင်သည်...

ထင်ယောင် မြင်ယောင်
ဟိုတောင်ကိုလွန်ရင်ဖြင့်
မြင်တွေ့ရမည်
စိတ်ဝယ်ယူမှတ်ထင်မိသည်။