Thursday, February 26, 2015

နေမင်း


သင်သည်
နေ့တစ်နေ့အတွက်
ပျောက်ကွယ်ခါနီးတိုင်း
အလှဆုံးနှုတ်ဆက်တတ်လေရော့သလား ...




Monday, February 9, 2015

တောင်တမန်


ညနေ (၅)နာရီဝန်းကျင် ဦးပိန်တံတားကိုရောက်သွားတယ် .... ငှက်စီးဖို့ငှားတော့ နေဝင်ချိန်အတွက်မအားတော့ဘူးတဲ့ ...နိုင်ငံခြားသားတွေအတွက် 
ဟိုတယ်တွေက ဘွတ်ကင်ယူထားတယ်တဲ့ .... ငှက်အစီး (၃၀)လောက်ဟာ တစ်စီးမှမအားအောင်ပါပဲ ....



ငှက်စီးချင်လို့လိုက်ပို့ပေးပါဆိုတော့ နေဝင်ချိန်တော့မရဘူးနော် ... ၁၅ မိနစ်လောက်ပဲရမယ် ဒီဘက်ကမ်းကနေ တံတားအခြေအထိပို့ပေးမယ်တဲ့ .... ရီလိုက်တိုင်း ရှေ့သွားကြီးကြီး ၂ချောင်းပဲရှိလို့ ဦးယုန်လို့သူများတွေနာမည်ပေးထားတဲ့ဦးကြီး .... ငှက်နံပါတ် (၁၈) ကသူ့ငှက်ပေါ့...
 တောင်တမန်ရောက်ရင် သူ့လှေပဲခေါ်ချင်လောက်အောင် ၁၅ မိနစ်အတွင်းဖြူစင်တဲ့ စိတ်ထားကိုဖော်ပြသွားနိုင်တဲ့ ဦးကြီးပါပဲ



 ခြေတံရှည်ရှည်နဲ့ ကိုယ့်အပေါ်ကိုစီမိုးထားတဲ့နှစ်ပေါင်းရာကျော် ကျွန်းတံတားကြီး ....



 သူ့ပေါ်ကိုဖြတ်သန်းသွားကြသူတွေလည်းမနည်း .....



တောင်တမန်ရဲ့မင်းသားကြီးကို တစ်ခုတ်တစ်ရမှတ်တမ်းတင်ကြသေးတာ ....



မြန်မာမှာ လေပေါ်ပျံတဲ့ငှက်တွေရှိသလို ရေပေါ်မှာလူခတ်တဲ့ ငှက်တွေလည်းရှိတယ်....



ဟော .... သူတို့တွေရဲ့အိမ်ပြန်ချိန်တောင်ရောက်ပြီ ....



နေမင်းကြီးလည်းနှုတ်ဆက်ချေပြီ .... 
အချိန်တန်တော့ အိမ်ပြန်ရတော့မှာပါပဲ .........

Friday, February 6, 2015

ကောင်းမှုတော်




အရိပ်



အလင်းပြန်နိယာမ ရှိနေသရွေ့
ငါဟာ
မင်းရဲ့
ကိုယ်စားလှယ်


ကွန်




သံယောဇဉ်ရဲ့ကိုယ်စားလှယ်....
ညှိတွယ်ခြင်းရဲ့သင်္ကေတ...
ဝါးမြို ခြင်းအတွက်ထောင်ချောက်...
နူးညံ့ခြင်း နဲ့ကြမ်းတမ်းခြင်း
လူတွေတင်စားမှုကြောင့်
ဘယ်လိုပင်ရသမြောက်ပါစေ
သူက
နှင်းမှုန်သီတဲ့
ကြိုးပုခက်



အပန်းဖြေ