သွားနှင့်တော့ကလေးရေ
ဒီလမ်းကို
လူတိုင်းသွားရမှာမှန်ပေမဲ့
ခုတော့
စောလွန်းလှသေးတယ်ကွယ်…..
နောင်ဘဝဆိုတာရှိခဲ့ရင်
တို့တတွေညီအစ်မဖြစ်ကြရအောင် …..
ခုတော့
အေးချမ်းစွာအနားယူနှင့်ပါ …..
ဝမ်းနည်းခြင်း ၊စိုးရွံ့ခြင်းနဲ့
သိမ်ငယ်ခြင်းကင်းတဲ့နေရာ
နွေးထွေးလှိုက်လှဲမှုတွေရှိတဲ့နေရာမှာ
အသစ်တဖန်ဖြစ်တည်နိုင်ပါစေ ….
No comments:
Post a Comment